Saturday, January 16, 2010

နေ့တိုင်းနေ့တိုင်း....စဉ်းစားမိတာလေးတွေ

ကျွန်မနေ့တိုင်း နေ့တိုင်း........... စဉ်းစားမိတာလေးတွေရှိတယ်...ထူးထူးဆန်းဆန်းလေးတွေပေါ့....လူတွေနေ့တဓူဝအလုပ်တွေလုပ်နေကြတယ်..ငွေရှာနေကြတာ
ဘာလုပ်ဖို့လဲဆိုတာကိုလေ....ဘုရားဝတ်ပြုဆုတောင်းကြရင်....နိဗ္ဗာန်ကိုရောက်ရပါလို့၏ဆုတောင်းကြတယ်....တကယ်တော့
နိဗ္ဗာန်ဆိုတာအေးချမ်းပြီးဘာမှမရှိတဲ့နေရာတစ်ခုလေ....လောဘတွေ၊ မောဟတွေမရှိတဲ့နေရာတစ်ခုရောက်အောင်သွားကြဖို့အတွက်
မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ အမြတ်ကြီးစားမှုတွေလုပ်နေကြပြီး....နိဗ္ဗာန်ရောက်ကြောင်းတရားတွေအားထုတ်နေကြတော့...
အဲ့လိုပြောရင်လဲ..လှူဖို့လို့ပြောကြမှာ....လှူဖို့ပိုက်ဆံတွေကုန်းရုံးရှာနေကြတယ်..ဒါပေမဲ့လူတွေရဲ့စိတ်က ကိုယ့်လက်ထဲရောက်လာရင်....ပြန်လှူဖို့နှမျောသွားကြတယ်လေ.....ဒါနဲ့ပဲ နေ့တိုင်း နေ့တိုင်း မုဒိတာတွေပွားပြီး အာဃာတတွေထားနေကြရင်း.....လှုပ်ရှားသွားလာ ဖြတ်သန်းနေကြတာ.....။

Friday, January 15, 2010

ကချင်လူမျိုးမဟုတ်ပေမဲ့ ကချင်တိုင်းရင်းသားတွေကိုချစ်တဲ့ကျွန်မ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မ ကချင်တိုင်းရင်းသားတွေကို သံယောဇဉ်ရှိတယ်လေ။ ကချင်အစားအစာတွေ ကချင်ရိုးရာဝတ်စုံတွေ ကိုလည်းကြိုက်နှစ်သက်တယ်။ ကချင်မလေးမဟုတ်တဲ့ ကျွန်မကို ရန်ကုန်ကသူငယ်ချင်းတွ မိတ်ဆွေတွေက စကားဝဲတယ်ပြောရင် ဂုဏ်ယူမဆုံးပေါ့။ ကချင်သံဝဲဝဲနဲ့ ကျွန်မက မြစ်ကြီးနားမြို့ရဲ့လှပတဲ့ ရှုခင်းတွေအကြောင်း၊ အစားအစာတွေ အကြောင်း ပြောပြတဲ့ခါတိုင်း တက်လက်စွာ ပြောပြတတ်တယ်လေ။ မြို့လေးကကျဉ်းတယ်လို့ တချို့ကပြောကြတယ် ကျွန်မအတွက်တော့ လည်လို့မကုန်နိုင် သွားလို့အကုန်နိုင်အောင်ပါပဲ။ ကျွန်မက ကချင်တိုင်းရင်းသားအဆိုတော်တွေကိုလည်း ကြိုက်တယ်။ ကချင်ပြည်နယ်ရဲ့ အလှတွေအကြောင်းသီချင်းတွေဆို အရမ်းကြိုက်နှစ်သက်တယ်။

Thursday, January 14, 2010

ချစ်သူမင်းကို

ချစ်သူမင်းကို.....
ငါချစ်တာက ဟိုအဝေးကရှုခင်းကို
လှမ်းမမြင်ရပေမဲ့ ......
မြင်ယောင်ပြီး ကြည်နူးနေရသလိုလေ
ရင်ထဲမှာ ကြည်နူးပြီး အေးချမ်းနေတာ.......

ချစ်သူမင်းကို.....
ငါချစ်တာက ဈေးသည်က
သူရောင်းတဲ့ ပစ္စည်းကို
မကောင်းနေလဲ အကောင်းဆုံးဖြစ်အောင်ပြောပြီး
ရောင်းနေသလို တက်ကြွပြီးလန်းဆန်းနေတာ.....။