Thursday, February 25, 2010

ဟိုး..................အဝေးကမျှော်လင့်ချက်

ငါ့စိတ်ဓာတ် ခွန်အားတွေ
အရောင်မိန်နေတဲ့ အချိန်
မြင်တွေ့သမျှ အကြောင်းအရာတွေက
ဖြော့တော့တော့နိုင်နေတော့
ဘဝအတွက်သင်္ခန်းစာလား
သင်္ခန်းစာက ဘဝလား…….
ဘယ်သူတွေနဲ့မှနှိုင်းယှဉ်လို့မရအောင်
ယိုင်နဲ့နေတဲ့ အနာဂတ်နဲ့ဘဝ
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
ထပ်တူကျဖို့ မဆိုထားနဲ့
ဘယ်ကနေစပြီး
ဘာလုပ်ရမလဲ ဆိုတဲ့
လမ်းစပျောက်နေတယ်…………။
(၂၄.၂.၂၀၁၀)
အမှတ်တရ…..အိမ်ကိုသတိရတဲ့ည(ဗုဒ္ဓဟူးနေ့)