Friday, January 15, 2010

ကချင်လူမျိုးမဟုတ်ပေမဲ့ ကချင်တိုင်းရင်းသားတွေကိုချစ်တဲ့ကျွန်မ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မ ကချင်တိုင်းရင်းသားတွေကို သံယောဇဉ်ရှိတယ်လေ။ ကချင်အစားအစာတွေ ကချင်ရိုးရာဝတ်စုံတွေ ကိုလည်းကြိုက်နှစ်သက်တယ်။ ကချင်မလေးမဟုတ်တဲ့ ကျွန်မကို ရန်ကုန်ကသူငယ်ချင်းတွ မိတ်ဆွေတွေက စကားဝဲတယ်ပြောရင် ဂုဏ်ယူမဆုံးပေါ့။ ကချင်သံဝဲဝဲနဲ့ ကျွန်မက မြစ်ကြီးနားမြို့ရဲ့လှပတဲ့ ရှုခင်းတွေအကြောင်း၊ အစားအစာတွေ အကြောင်း ပြောပြတဲ့ခါတိုင်း တက်လက်စွာ ပြောပြတတ်တယ်လေ။ မြို့လေးကကျဉ်းတယ်လို့ တချို့ကပြောကြတယ် ကျွန်မအတွက်တော့ လည်လို့မကုန်နိုင် သွားလို့အကုန်နိုင်အောင်ပါပဲ။ ကျွန်မက ကချင်တိုင်းရင်းသားအဆိုတော်တွေကိုလည်း ကြိုက်တယ်။ ကချင်ပြည်နယ်ရဲ့ အလှတွေအကြောင်းသီချင်းတွေဆို အရမ်းကြိုက်နှစ်သက်တယ်။