Friday, March 5, 2010

မင်းသိစေဖို့............................

မင်းရင်ထဲမှာ . . .
ငါရှိသည်ဖြစ်စေ……မရှိသည်ဖြစ်စေ

မင်းထိုင်နေရင်း . . .
ငါ့အကြောင်းကို
တွေးနေသည်ဖြစ်စေ……မတွေးနေသည်ဖြစ်စေ

မင်းဘဝမှာ . . .
ငါရှိဖို့
လိုအပ်သည်ဖြစ်စေ……မလိုအပ်သည်ဖြစ်စေ

လက်ရှိ ခုချိန်မှာ . . .
မင်းငါ့ကိုချစ်ပြဖို့
ဝန်လေးနေရင်ဖြစ်စေ……………….ဝန်မလေးနေရင်ဖြစ်စေ

ငါ့နှလုံးသားကို လေ့ကျင့်ပေးပြီး
ငါ့အကျင့်တွေကို ပြောင်း
ငါ့စိတ်ဓာတ်တွေကို ပြင်ပြီးသွားပြီ…………….

ထပ်ဖန်တလဲလဲ . . .
ကြုံခဲ့ရပြီး ဝမ်းနည်းစရာတွေဆိုတဲ့
အဖြစ်အပျက်တွေကိုလည်း
ပြုံးပြီး မေ့ပျောက်နိုင်ပြီ

ပြီးတော့……………………
ရှေ့ဆက်ပြီး…………….မင်းကို
ဆက်ချစ်မယ်…………ချစ်နေမယ် ။ ။
(ကမ်းလွန်ငှက်)
ဗုဒ္ဓဟူးနေ့ည ၁၂း၀၀
၃-၃-၂၀၁၀