စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party of Kachin State, UDPKS) သည် မြန်မာစစ်အစိုးရ ထောက်ပံငွေဖြင့် ကချင်လူထု မဲဆွယ်စည်းရုံးနေသည်ဟု သိရှိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှုး ဗိုလ်ချူပ်စိုးဝင်း သည် ယခုလ ၁၈ ရက်နေ့ က UDPKS ပါတီ အား “မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများကို စည်းရုံးရေးဆင်းရန်” ကျပ်ငွေ သိန်း ၄၀ ပေးအပ်ခဲ့သည်ဟု ပါတီနှင့်နီးစပ်သူ အသိုင်းအ၀ိုင်းမှ ပြောသည်။
စောစောပိုင်းကလည်း ၎င်း ပါတီကို တရားဝင်ပါတီတည်ထောင်ရန်အတွက် မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကျပ်ငွေ သိန်း ၅၀၀ ထုတ်ပေးသည်ဟု သိရသည်။
ဒူဝါခက်ထိန်နန် ဦးဆောင်သော UDPKS သည် ဇွန်လကုန်ပိုင်းက ကြံ့ဖွံ့ပါတီ (USDP) မှ ခွဲထွက်သော ကချင်ပါတီတစ်ခု ဖြစ်ပြီး စစ်အစိုးရ၏ ကြောထောက်နောက်ခံအဖြစ် ရပ်တည်နေသော ကချင်ပါတီတစ်ခုလည်း ဖြစ်သည်။
မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲမရှင် စည်းမျဉ်းစည်းကမ်းအရ ပါတီတစ်ခုအနေဖြင့် နိုင်ငံတော်၏ ငွေကြေးများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း သုံးစွဲမှု ပြုလုပ်ခြင်း မရှိရ ဟု ထုတ်ပြန်ကြေငြာထားသည်။
ထိုကဲ့သို့ ထုတ်ပြန်ကြေငြာထားသော်လည်း ကချင်ပါတီ UDPKS ကို စစ်အစိုးရမှ လိုက်နာခြင်းမရှိဘဲ လူထုစည်းရုံးရေးပြုလုပ်ရန် ငွေးကြေးများထုတ်ပေးနေခြင်းဖြစ်သည်။
၎င်း ပါတီ ကို ဇွန်လိုင်လ ၁၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် နိုင်ငံရေးပါတီတည်ဆောင်ခွင့် ပြုခဲ့သည်။
လူတို့နှလုံးသား အမုန်းမပွားကြစေ မေတ္တာဆွတ်ဖြန်း ချစ်ခန်းလှိုင်ကြွယ် အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ် အမြဲသာတွေး တွေးဆဖွယ် အသည်းမှာ အေး အေးမြဖွယ် စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ် နှလုံးသားဝယ် အမုန်းတရားဖယ် အပြုံးများ ကြွယ်ကြစေဖွယ်။ စိန်ရွှေရတနာ နီလာပုလဲ သီကာဆွဲမှ လှမယ်မထင်တယ် အလှဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ် ရိုးသား သိမ်မွေ့ သဘောက ဖြူစင် လောကကို အလှဆင်နိုင်လိမ့်မယ် အစဉ်အမြဲဘ၀ လှပရေးအတွက် ရင်ထဲက အလှသာတွေးကွယ် အပြုံးမြမြ နှလုံးလှပါစေကွယ် အမုန်းစကားမဆိုကြအစဉ်သာ တကယ်နှလုံးသားကို အလှဆင်ပါကွယ်။
Friday, July 23, 2010
Thursday, July 22, 2010
ရွှေလီ လျှပ်စစ်မီး ဒေသခံများအတွက် အဆင်မပြေ
စစ်အစိုးရ၏ စီမံကိန်းတခု ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) မှ ဖြန့်ဝေပေး နေသော လျှပ်စစ်မီးသည် ဒေသခံများ အတွက် အထောက်အကူ မဖြစ်ကြောင်း သိရှိရသည်။
တရုတ် - မြန်မာ နယ်စပ်မြို့များ ဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် မြို့များတွင် ယခင်က တရုတ်နိုင်ငံမှ လျှပ်စစ်မီး ကိုသာ သုံးစွဲနေကြ သော်လည်း ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း ဖွင့်လှစ်ပြီးခဲ့သည့် နောက်ပိုင်း ယင်းစီမံကိန်းမှ လျှပ်စစ်မီး ကိုသာ သုံးစွဲကြရမည်ဟု ဒေသခံ အာဏာပိုင်များမှ ယခုနှစ် ဧပြီလတွင် ညွှန်ကြားသဖြင့် တရုတ်မီးကို မသုံးကြတော့ဘဲ ရွှေလီမီး ကိုသာ သုံးစွဲ ကြရကြောင်း မူဆယ်မြို့ခံတဦးက ပြောသည်။
မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များသည် ၁၉၈၉- ၉၀ ဝန်းကျင်မှ စတင်ကာ တရုတ်မီးကို အသုံးပြုခဲ့ကြကြောင်း သိရသည်။
မူဆယ်မြို့တွင် စက်မှုဇုန်တခု ရှိပြီး ၎င်းစက်မှုဇုန်တွင် မော်တော်ကား၊ ထော်လာဂျီ၊ ထရက်တာ စသည်တို့ကို ပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။
ရွှေလီမီးသည် မီးအားပြည့်သော်လည်း ပုံမှန် မလာခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် လျှပ်စစ်မီးနှင့် အလုပ်လုပ်သူများ အနေဖြင့် လုပ်ငန်း မတွင်ကျယ်ကြောင်း လုပ်ငန်းရှင်များ က ဆိုသည်။
“ကျနော်တို့အလုပ်မှာ အဓိကကတော့ လျှပ်စစ်စွမ်းအင်ပါပဲ၊ တချိန်လုံးမီးလာနေတယ် ဆိုရင်တော့ အဆင်ပြေတယ်၊ အဲဒီ လို မဟုတ်ဘဲနဲ့ လာလိုက် ပျက်လိုက်နဲ့ ဆိုရင်တော့ အလုပ်ရှင်တွေရော အလုပ်သမားတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရ တယ်၊ အလုပ်လည်း မတွင်ဘူး”ဟု မူဆယ်မြို့မှ စက်မှုလုပ်ငန်းရှင် တဦးက ပြောသည်။
ထော်လာဂျီများ ကိုတပ်ဆင်ရောင်းချသည့် လုပ်ငန်းရှင် တဦးက“တရုတ်မီး ဆိုရင် မီတာဘောက်စ် ထိန်းသိမ်း စောင့် ရှောက်ခတွေ ဘာတွေလည်း ဘာမှ ပေးစရာမလိုဘူး၊ ရွှေလီမီးသုံးရမယ်ဆိုမှ ဘာကြေး၊ ညာကြေး၊ ပြီးတော့ မီးလည်း မမှန်ဘူး၊ အတင်း သုံးခိုင်းလို့သာ သုံးနေရတယ်”ဟု ဆိုသည်။
ရေခဲစက်ပိုင်ရှင် တဦးကလည်း“အရင် တရုတ်မီး သုံးနေတုန်းကဆိုရင် ဘာမှပြဿနာမရှိဘူး၊ ဒီ ရွှေလီမီး ကို မယူလို့လည်း မရတော့ သုံးနေရတာပေါ့၊ ဈေးကလည်း ပိုကြီးသေးတယ်၊ အဆင်လည်းမပြေဘူး”ဟု ဆိုသည်။
ယင်းစီမံကိန်းမှ လျှပ်စစ်မီးကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စတင်ဖြန့်ဖြုးပေးနိုင်သော်လည်း ယင်းစီမံကိန်းအနီးရှိ မြို့များ ဖြစ်သော မူဆယ်နှင့် နမ့်ခမ်းမြို့တို့ကို ယခုနှစ် ဧပြီလမှသာ လျှပ်စစ်မီး ပေးနိုင်ခဲ့သည်။ စတင်ဖြန့်ဖြူးချိန်တွင် မီတာခကို တရုတ် ယွမ်ငွေဖြင့် ပေးဆောင်ရသည်။ သို့သော် ယခုလအကုန်တွင် မြန်မာကျပ်ငွေဖြင့်သာ ပြန်လည်ပေးဆောင်ရမည်ဟု မူဆယ်မြို့ခံ တဦးက ဆိုသည်။
မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များတွင် ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်မီး အတွက် တယူနစ်လျှင် တရုတ်ငွေ ၂ ယွမ် (၃၁၄ ကျပ်) ပေးဆောင်ရသည်။ ဒေသခံများ ယခင်က အသုံးပြုသည့် တရုတ်မီး အတွက် တယူနစ်လျှင် ၁.၂ ယွမ် ခန့်သာ ပေးဆောင်ကြရကြောင်းလည်း မူဆယ်မြို့ခံက ပြောသည်။
ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မီးကို လားရှိုး၊ မန္တလေး စသည့်မြို့များသို့ပါ ဖြန့်ဖြူးပေးရန်အတွက် လျှပ်စစ် မီးကြိုးများ သွယ်တန်းနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ နေရာအများစုတွင်လည်း ရွှေလီမီးကို အသုံးပြုနေကြပြီဖြစ်ကြောင်း သိရှိရ သည်။ သို့သော် ယင်းမြို့များတွင် နယ်စပ်မြို့များကဲ့သို့ အတင်းအကျပ် သုံးစွဲစေခြင်းမျိုးများမရှိကြောင်း သိရှိရသည်။
“ဒီမှာကတော့ မီတာခကို မြန်မာငွေနဲ့ပဲ ဆောင်ရပါတယ်၊ ရွှေလီမီးကိုရော အရင်တုန်းက သုံးနေတဲ့မီးကိုရော အစိုးရ EPC ကပဲ စီမံခန့်ခွဲတာပါ၊ ဒီမှာရှိတဲ့ ဆီစက် အများစု ကတော့ ရွှေလီမီးက ဈေးပိုကြီးတဲ့အတွက် အသုံးပြုဖို့ ဘယ်သူမှ မလျှောက်ကြတော့ဘဲ အရင်တုန်းကရှိတဲ့ ပါဝါမီတာကိုပဲ ဆက်သုံးပါတယ်”ဟု လားရှိုးမြို့ခံတဦးက ပြောသည်။
ရွှေလီရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၁၇ မိုင်အကွာတွင် တည်ရှိသည်။ စီမံကိန်း အမှတ် (၂) နှင့် (၃) တို့မှာ မိုးမိတ်မြို့အနီးတွင် တည်ရှိပြီး ၎င်းစီမံကိန်းများမှာ အကောင်အထည်ဖော်နေဆဲ ဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပလောင် ကျောင်းသား လူငယ်များ အစည်းအရုံး (TSYO) မှ မိုင်အောင်ကိုက ပြောသည်။
စီမံကိန်း အမှတ် (၁) မှ နှစ်စဉ် ၄၀၃၃ ဂျီဂါဝပ်(GWh)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း တခုတည်း အတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်း ကုန်ကျခဲ့သည်ဟု TSYO ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ရွှေလီရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁)ကို ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စီမံကိန်းအတွက် နေရာဒေသရှင်းလင်း ခြင်း၊ ကျေးရွာများအား ရွှေ့ပြောင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် စီမံကိန်း စတင် လည် ပတ် နိုင်ခဲ့ပြီး ဖွင့်လှစ်ခဲ့သည်။
စတင် ဖွင့်လှစ်ချိန်တွင် မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဖြန့်ဖြူးပေးခြင်း မရှိဘဲ တရုတ်နိုင်ငံ ဘက်သို့သာ ဖြန့်ဖြူးပေးခဲ့ပြီး မြန်မာနိုင်ငံတွင်းသို့ ယခုနှစ်ဆန်းပိုင်းမှသာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်ဟု မိုင်အောင်ကိုက ပြောသည်။
ယင်းစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်မီးကို နမ္မတူ သတ္ထုမိုင်း၊ မုံရွာ ကြေးနီမိုင်း၊ သပိတ်ကျင်း နီကယ်မိုင်းတို့ကို ပေးပို့မည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင်ပါဝင်သည်ဟုTSYO ၏ အစီရင်ခံစာတွင် ပါရှိသည်။
ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အကြီးစား စက်မှုပစ္စည်း သွင်းကုန်- ထုတ်ကုန် ကုမ္ပဏီ လီမိတက် (YMEC) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီ ကလည်း လမ်းဖောက်သည့် လုပ်ငန်းပိုင်းများတွင် ပါဝင်ခဲ့သည်ဟု မိုင်အောင်ကို က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်တွင်း ဧရာဝတီရေကြီး မည့်အခြေအနေရောက်နေ
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂၄ နာရီအတွင်း ရေကြီးလာနိုင်သည်ဟု မြန်မာစစ်အစိုးရ အာဏာပိုင်များမှ သတိပေး နိုးဆော်ကြေငြာပါသည်။
ဇူလိုင် ၂၁၊ ယနေ့နံနက် မြန်မာစံတော်ချိန် ၁၁ နာရီမှ နေ့လည်မွန်းလွဲ ၁နာရီထိ မရက မှ ဦးဆောင်ကာ သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ကြီးနားမြို့တွင်း နေရာအနှံ့ ကြေငြာနေသည်။
“၂၄ နာရီအတွင်း ရေကြီးလာနိုင်တယ်၊ ပစ္စည်းများထုပ်ပိုးထားရန်” ဟု လိုက်လံ သတိပေးနေကြောင်း မြို့ခံတစ်ဦးမှ ပြောသည်။
ဧရာဝတီမြစ် ရေမျက်နှာပြင်သည် ယမန်နေ့ ဇွန်လိုင် ၂၀ ရက်နေ့ ညက ရေအမှတ် ၈၀၀ စင်တီမီတာခန့် စိုးရိမ်အမှတ်ရောက်ရှိသွား သော ကြောင့်ဖြစ်သည်။
ရေအမှတ် ၁၀၀၀ စင်တီမီတာ ရောက်လျင် မြစ်ကြီးနား တာရိုး မြို့ဘက်သို့ရေလျှံသွားနိုင်သည်ဟု အာဏာပိုင်များ၏ သတိပေးနိုးဆော်ချက်တွင် ကြေငြာသွားကြောင်း ဒေသခံများပြောသည်။
စီတာပူ ရပ်ကွက်ဘေးမှ အင်ဂျန့်ချောင်းသည် ယမန်နေ့ညမှ ရေပြည့်လျှံသွားခဲ့ပြီး ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် စီတာပူ ဒေသခံများ အိုးအိမ်ပစ္စည်းများနှင့် ရေပြည့်လျှံလာလျင် အသုံးပြုဖို့ ကော်ဗူးများ အရေးကြီးသည့် စာရွက်စာတမ်းများ သိမ်းဆည်းနေကြသည်။
“အိမ်မှာရော၊ အိမ်ဘေးနားမှာရော စီတာပူကတော့ အားလုံးသိမ်းနေကြတယ် အရေးကြီးတဲ့ ဆန်တွေ ပစ္စည်းတွေ၊ မီးသွေးတွေ အပေါ်တင်ထား၊ ရေတွေလည်း ခပ်ထားကြတယ် အလုံးသိမ်းထားကြပြီ၊ အားလုံး သတိနဲ့နေကြတယ်” ဟု စီတာပူ ဒေသခံတစ်ဦးမှ ပြောသည်။
ယင်းကဲ့သို့ ရေကြီးလာမှုအပါ် ချင်းမိုင်အခြေစိုက် ကချင်ပြည်နယ် သဘာဝထိန်းသိမ်းရေး တာဝန်ရှိသူ ဦးယောနမှ “၉၈ ခုနှစ်ကနေ ၂၀၀၄၊ ၂၀၀၅ နှစ်ကြားအထိ သစ်ခုတ်ထွင်းမှု အစီအစဉ်ကြောင့် ကချင်ပြည်နယ်ကတော့ တစ်ခြားမြို့တွင်နဲ့မတူအောင် ဒီသစ်တွေကို ဖျက်ဆီးလိုက်တာကြောင့် နယ်မြေဒေသ ပြောင်းလဲတာလာကာ ခဏခဏရေကြီးလာခြင်းဖြစ်တယ်၊ သစ်ခုတ်လိုက်တာကြောင့် ကချင်ပြည်နယ်မှာ သစ်တွေကုန်သလောက်ရှိနေပြီလို့လည်း ပြောလို့ရတယ်” ဟု လေ့လာသုံးသပ်ပြသည်။
မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ရရှိရန် ၂၀၀၆ ခုနှစ်မှစကာ အေးရှားဝေါလ် ကုမ္ပဏီမှ ရေကာတာ ၇ ခုတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈ နှင့် ၂၀၀၄ ခုနှစ်များတွင် ဧရာဝတီမြစ် ရေကြီးခဲ့ဖူးပါသည်။ ၂၀၀၄ ခုနှစ် ရေကြီးမှုတွင် လူအများပြားသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခ ကြုံခဲ့ရသည်။

Friday, March 5, 2010
မင်းသိစေဖို့............................
မင်းရင်ထဲမှာ . . .
ငါရှိသည်ဖြစ်စေ……မရှိသည်ဖြစ်စေ
မင်းထိုင်နေရင်း . . .
ငါ့အကြောင်းကို
တွေးနေသည်ဖြစ်စေ……မတွေးနေသည်ဖြစ်စေ
မင်းဘဝမှာ . . .
ငါရှိဖို့
လိုအပ်သည်ဖြစ်စေ……မလိုအပ်သည်ဖြစ်စေ
လက်ရှိ ခုချိန်မှာ . . .
မင်းငါ့ကိုချစ်ပြဖို့
ဝန်လေးနေရင်ဖြစ်စေ……………….ဝန်မလေးနေရင်ဖြစ်စေ
ငါ့နှလုံးသားကို လေ့ကျင့်ပေးပြီး
ငါ့အကျင့်တွေကို ပြောင်း
ငါ့စိတ်ဓာတ်တွေကို ပြင်ပြီးသွားပြီ…………….
ထပ်ဖန်တလဲလဲ . . .
ကြုံခဲ့ရပြီး ဝမ်းနည်းစရာတွေဆိုတဲ့
အဖြစ်အပျက်တွေကိုလည်း
ပြုံးပြီး မေ့ပျောက်နိုင်ပြီ
ပြီးတော့……………………
ရှေ့ဆက်ပြီး…………….မင်းကို
ဆက်ချစ်မယ်…………ချစ်နေမယ် ။ ။
(ကမ်းလွန်ငှက်)
ဗုဒ္ဓဟူးနေ့ည ၁၂း၀၀
၃-၃-၂၀၁၀

Wednesday, March 3, 2010
သပြေသီးကောက်.........
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှဲ့ ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မြော့နက်မဲကြီးတွယ်တတ်တယ်
မြော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်
်
ဒို့လဲကြောက်ပေါင် အတူသွားလို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ်………သွားကွယ် ။ ။
(ဦးသန့်)
သပြေသီးမှဲ့ ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မြော့နက်မဲကြီးတွယ်တတ်တယ်
မြော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်
်
ဒို့လဲကြောက်ပေါင် အတူသွားလို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ်………သွားကွယ် ။ ။
(ဦးသန့်)
မငိုနဲ့ကွယ်...........
အိုအေအေ အမေချော့လို့
တိတ်ပါတော့ မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူဂျိုးတွေရောက်ပါလို့
မိတ္ထီလာကန်တော်အောက်ဆီက
ဖားကောက်ဖို့ အမေ့မှာ ။ ။
အေအိုအိုကြောင်ကြီးက
အမြီးခပ်တိုတို
မေ့သားကို လာ၍ ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အိုအဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ ။ ။
အိုအေအေပါးပြင်နုမှာလ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးဘေ ဘယ်မှာရှိလေဘိ
သိချင်လှစိတ်မကြည်
ဘယ်ဆီမှ မရှာအား ။ ။
အိုအေအေအသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးဖေပြန်လာရောက်ခါမှ
စားသောက်ရန်ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင်အတူချော့မယ်ကွယ်
တိတ်တော့မေ့သား ။ ။
(ဦးသန့်)
သမီးကို ပြုစုပျိုးထောင်ပေးခဲ့သော.........အမေ
ဒီအရွယ်ထိရောက်အောင် မငြိုမငြင်ပဲ လိုအပ်တာမှန်သမျှ လုပ်ပေးခဲ့သောအမေ
ခုချိန်ထိလည်း ဆက်လက်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေဆဲ
ဒီကဗျာလေးက သမီးငယ်ငယ်တုန်းက အမေဆိုပြပြီး ချော့သိပ်တဲ့ကဗျာလေးလေ
အမေ့ကျေးဇူးကို သမီးမဆပ်နိုင်သေးပေမဲ့
ဒီကဗျာလေးက အမေ့ရဲ့ မေတ္တာတွေကိုဖော်ကျုးနေတယ်နော်......အမေ

Thursday, February 25, 2010
ဟိုး..................အဝေးကမျှော်လင့်ချက်
ငါ့စိတ်ဓာတ် ခွန်အားတွေ
အရောင်မိန်နေတဲ့ အချိန်
မြင်တွေ့သမျှ အကြောင်းအရာတွေက
ဖြော့တော့တော့နိုင်နေတော့
ဘဝအတွက်သင်္ခန်းစာလား
သင်္ခန်းစာက ဘဝလား…….
ဘယ်သူတွေနဲ့မှနှိုင်းယှဉ်လို့မရအောင်
ယိုင်နဲ့နေတဲ့ အနာဂတ်နဲ့ဘဝ
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
ထပ်တူကျဖို့ မဆိုထားနဲ့
ဘယ်ကနေစပြီး
ဘာလုပ်ရမလဲ ဆိုတဲ့
လမ်းစပျောက်နေတယ်…………။
(၂၄.၂.၂၀၁၀)
အမှတ်တရ…..အိမ်ကိုသတိရတဲ့ည(ဗုဒ္ဓဟူးနေ့)
Subscribe to:
Posts (Atom)