လူတို့နှလုံးသား အမုန်းမပွားကြစေ မေတ္တာဆွတ်ဖြန်း ချစ်ခန်းလှိုင်ကြွယ် အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ် အမြဲသာတွေး တွေးဆဖွယ် အသည်းမှာ အေး အေးမြဖွယ် စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ် နှလုံးသားဝယ် အမုန်းတရားဖယ် အပြုံးများ ကြွယ်ကြစေဖွယ်။ စိန်ရွှေရတနာ နီလာပုလဲ သီကာဆွဲမှ လှမယ်မထင်တယ် အလှဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ် ရိုးသား သိမ်မွေ့ သဘောက ဖြူစင် လောကကို အလှဆင်နိုင်လိမ့်မယ် အစဉ်အမြဲဘ၀ လှပရေးအတွက် ရင်ထဲက အလှသာတွေးကွယ် အပြုံးမြမြ နှလုံးလှပါစေကွယ် အမုန်းစကားမဆိုကြအစဉ်သာ တကယ်နှလုံးသားကို အလှဆင်ပါကွယ်။
Friday, December 16, 2011
Friday, September 23, 2011
သို့......... ချစ်သောဧရာဝတီ ( အပိုင်း-၂ )
ရင်ဘတ်ထဲက ကဗျာတွေ
စာရွက်ပေါ်ကို ခုန်ချ
မျက်ဝန်းတွေ
ရေကြီးတဲ့ ညမှာ
ငါ...
ဝေဒနာပလီတဲ့ အလွမ်း ဆူးတွေနဲ့
ဧရာဝတီရဲ့
ကမ်းနဖူးကို လွမ်းမိတယ်။
အဲဒီ ဧရာကမ်း နဖူးမှာ
တုတ်ခွန်သွင်း
အ၀တည်တဲ့
ဒုတိယမင်းခေါင်ရဲ့
မှော်ယွန်းကြိုး မြို့ရိုး
ရှိတယ်။
အဲဒီ ဧရာကမ်း နဖူးမှာပဲ
သပြေတန်း၊ အစေခံ
ဆင်ကျူံးဆိုပြီး
မြစ်ကြောင်းအတိုင်း တက်လာမယ့် နယ်ချဲ့ကို
တစ်ကယ်
မဖဲ့လိုက်ရတဲ့
ကနောင်လက်နက်တိုက်နဲ့ ခံတပ်တွေရှိတယ်။
အဲဒီ
ဧရာကမ်းနဖူးက
ရွှေတောင်ဦးမော် ဘုရားကုန်းမှာပဲ
စကားတစ်လုံးမှ
မပြောတဲ့
မြစ်စောင့်နတ်ရဲ့ ကြင်ယာ
တောင်ပိုင်ဘိုးဘိုးကြီး
ဆိုတာရှိတယ်။
အဲဒီ ဧရာကမ်းနဖူးအောက်
ဂငယ်ကွေ့
နှုတ်ခမ်းတစ်လျှောက်
ရေဆန်ကို အာခံပြီး
တစ်နှစ်တစ်ခါ
မှန်မှန်လာကြတဲ့
ရွှေကြက်ယက် ဘုရားဖူး
( ထောင်သောင်းချီ )
ငါးထူးငါးမြတ်တွေရှိတယ်။
အဲဒီ
ဧရာကမ်းနဖူးမှာပဲ
စုံတွဲတွေ တက်ရင်နားတာပေါ့
ငတက်ပြားရဲ့
မရှိခဏ ဘုရားရှိတယ်။
အဲဒီ ဧရာကမ်းနဖူး မှာပဲ
ကိုတင်လှိုင်ရဲ့
(
အမုန်းခွန်အား ပေးသနားပါ )
အတောင်နှစ်ဆယ် လွမ်းစေတီရှိတယ်။
အဲဒီ
ဧရာကမ်းနဖူးမှာပဲ
ကြောင်သူတော်တွေ ဖူးရင်
ဟုတ်ရင်ဟုတ်
မဟုတ်ရင်ပြုတ်
ထူးရင်ထူး မထူးရင်ရူးတဲ့
ဆွမ်းဦး
ပုညရှင်ဘုရားရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
သာသနာ ၂၅၀၀
ကျော်တဲ့ဘာသာ
ဒီနေရာ ဗုဒ္ဓသာသနာထွန်းကားလိမ့်မယ်လို့
ဂေါတမဘုရား
ဗျာဒိတ်ဟောခဲ့တယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရေတတ်ရင်
ယောင်ကြိုးချိတ်ပြီး
ရေကျရင် သောင်ရိုးအိပ်တဲ့
ဆေးရွက်ကြီးတွေ
မြေပဲခင်းတွေ ရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရာဇ၀င်များရဲ့သတို့သမီးကို
ပူဇော်တဲ့
ကိုငှက်ကြီးရဲ့
အခမ်းနားဆုံးသော
သက်ရှိကဗျာတွေရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါ့နှလုံးသားကို
သင်တုန်း
ဓားနဲ့ ထက်ခြမ်းခွဲ
နောက်တစ်ယောက်ကို လက်လှမ်းဆွဲပေါ့
တစ်ခါတစ်ရံဆီက
သူမရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
ကျောင်းနောက်ကျရင်
ကျောင်းတတ်
ကျောင်းမဆင်းသေးရင် ကျောင်းထွက်တဲ့
ငါ့ဘ၀ရဲ့ သင်္ကေတ
(
ကျောင်းအိမ်သာလေး ဘေးက )
သင်္ကေတ ကွာကျနေတဲ့
ရိုမန့်တစ် နဲနဲ
လှလှလေး ရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
မူးမူးရုးရုးနဲ့
ဟီးရိုးဟီးစီးတဲ့
ငါ့သူငယ်ချင်း
စာရေးဆရာ ( လွန်း ) ရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါငယ်ငယ်က
ခွက်ပျောက်မော့ခဲ့တဲ့
ထန်းရည်တဲကလေး ရှိတယ်။
အဲဒီ
ဧရာကမ်းနဖူးမှာပဲ
( အဝေးရောက်သားအတွက် )
ဝေဒနာ အလွမ်းတွေနဲ့
ကျန်ရစ်တဲ့
ငါ့အမေ ရှိတယ်။
အဲဒီ ဧရာကမ်းနဖူးမှာပဲ
၆၀
ကျော် ပင်စင်စား စက်ကော်ရဲ့
အရောင်မှိန် မျက်ဝန်းများနဲ့
မျှော်လင့်ခြင်းတွေ
ပွန်းပါးနေတဲ့
ငါ့အဖေ ရှိတယ်။
- ဧရာဝတီရေ -
ငါ့တစ်ကိုယ်လုံး
နင့်ရင်ဘတ်ထဲ
ဒိုင်ဗင်ပစ်
နင့် အချစ်ရေပြင်ကျယ်မှာ
( မျောလာတဲ့
ထင်းတုံးလေးတွေ သယ်ရင်း )
ငါလေ...တစ်ဖန်တစ်ခါ
လက်ပစ်ကူးပါရစေ
အုံးတော့ကွယ်။
အလွမ်းများစွာဖြင့်
အမောင်
၀၁:၀၂
၁၉.၀၉.၂၀၁၁
(၀ံသာနုဂျာနယ်။
အတွဲ-၁၊ အမှတ်-၂၀)
မှတ်ချက်။ ။ တုတ်ခွန်သွင်း =
မြန်မာ သက္ကရာဇ် ၇၂၆ ခုနှစ်
ဒုတိယမင်းခေါင် = ဒုတိယ အင်းဝမြို့ကို အပိုင်စားသောမင်း အိမ်နိမ့်စံ
သတိုးမင်းဖျား ဟုခေါ်သည်။
Thursday, September 22, 2011
အမှတ်တရများရဲ့ အမှတ်တရနေ့ ဒီနေ့
ဒီနေ့....................................
အရင်က မက်ခဲ့တဲ့အိပ်မက်တွေ တရေးနိုးခဲ့တယ်
စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အိပ်မက်ထဲ ထည့်မက်ခဲ့တာတောင်
(၃)နှစ်ကျော်တောင်ကြာခဲ့ပြီပဲ ။ ။
စိတ်ရဲ့တန်ခိုးတွေများ တကယ်ကိုရှိတာပါလား
တစ်ခါမှ မတွေးဖြစ်မိတော့တဲ့သူတစ်ယောက်ကို
ဒီမနက် တစ်ကြိမ်တစ်ခါလေးတွေးမိရုံနဲ့ connected တဲ့။
ဒါပေမဲ့.....................
ဖြစ်ချင်တာနဲ့ ဖြစ်တာတွေနဲ့ လွဲနေတုန်းပါပဲလား။ ။
(ပုံရိပ်လေး)
အရင်က မက်ခဲ့တဲ့အိပ်မက်တွေ တရေးနိုးခဲ့တယ်
စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အိပ်မက်ထဲ ထည့်မက်ခဲ့တာတောင်
(၃)နှစ်ကျော်တောင်ကြာခဲ့ပြီပဲ ။ ။
စိတ်ရဲ့တန်ခိုးတွေများ တကယ်ကိုရှိတာပါလား
တစ်ခါမှ မတွေးဖြစ်မိတော့တဲ့သူတစ်ယောက်ကို
ဒီမနက် တစ်ကြိမ်တစ်ခါလေးတွေးမိရုံနဲ့ connected တဲ့။
ဒါပေမဲ့.....................
ဖြစ်ချင်တာနဲ့ ဖြစ်တာတွေနဲ့ လွဲနေတုန်းပါပဲလား။ ။
(ပုံရိပ်လေး)
Myanmar Bird and Nature Society (MBNS)
မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၏ အစီအစဉ်ဖြင့် ဧရာဝတီ
မြစ်ဆုံရေကာတာကိစ္စနှင့် နေပြည်တော်တွင် ပြုလုပ်သော
အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့်အကြောင်းအရာများကို အမြင်ခြင်း
ဖလှယ်တွေ့ဆုံဆွေးနွေးလိုပါသဖြင့် တက်ရောက်ပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - ၂၃-၉-၂၀၁၁(သောကြာနေ့)
အချိန်
- နံနက်(၁၀း၀၀)နာရီ။
နေရာ - တော်ဝင်နှင်းဆီ သီရိခန်းမ၊
ဗဟန်းမြို့
မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(MBNS)
Subscribe to:
Posts (Atom)



