လေရူးတွေ တဖြူးဖြူးက
အဆောက်အဦးကြားထဲကနေ
တစ်ချက်ပြီး တစ်ချက်
အဆက်မပြတ်တိုက်ခတ်လာသလို
တို့တတွေ ရင်ထဲက စကားလုံးများကလည်း
စကားတွေ တစ်ခွန်းပြီး တစ်ခွန်းကြား
တိုးထွက်လာ အခိုက်
မြို့ပြရဲ့ အကြီးဆုံး အဆောက်အဦး
နှစ်ခုရဲ့ ကြားက သေးဖွဲတဲ့
လမ်းဘေးက ကဖေးဆိုင်လေးက
အသက်တွေ ဝင်လာတယ်
အဲ့ဒီ အချိန်မှာ…….
Song box ကထွက်လာတဲ့
သီချင်းသံတွေက နားထဲမှာ
အသာယာဆုံးပေါ့….
စကားလုံးတွေရဲ့ နောက်ကွယ်မှာ
ကိုယ့်ကိုယ်ကို သတိမေ့သွားတဲ့
အတွေးတွေကို.....
ရုတ်တရက် သတိပြန်လည်မိတယ်
သူများတွေ လိုတော့
ဘယ်သူ့ကိုမှ ကျေးဇူးမတင်မိဘူး
စိတ်ထဲမှာတော့
အဓိပ္ပာယ်ရှိတဲ့ ညလေးတစ်ည
ပဲလို့တွေးမိလိုက်တယ်
စိတ်ချမ်းသာမှု နဲ့ သာယာငြိမ်းချမ်းတဲ့
ညလေးတစ်ညပါပဲ…….။
(အီးဂရက်စ် ဘက်တော်သားများနဲ့အတူ
ရုံးအပြန် အမှတ်တရ)
19-2-2010
သောကြာနေ့ည
လူတို့နှလုံးသား အမုန်းမပွားကြစေ မေတ္တာဆွတ်ဖြန်း ချစ်ခန်းလှိုင်ကြွယ် အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ် အမြဲသာတွေး တွေးဆဖွယ် အသည်းမှာ အေး အေးမြဖွယ် စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ် နှလုံးသားဝယ် အမုန်းတရားဖယ် အပြုံးများ ကြွယ်ကြစေဖွယ်။ စိန်ရွှေရတနာ နီလာပုလဲ သီကာဆွဲမှ လှမယ်မထင်တယ် အလှဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ် ရိုးသား သိမ်မွေ့ သဘောက ဖြူစင် လောကကို အလှဆင်နိုင်လိမ့်မယ် အစဉ်အမြဲဘ၀ လှပရေးအတွက် ရင်ထဲက အလှသာတွေးကွယ် အပြုံးမြမြ နှလုံးလှပါစေကွယ် အမုန်းစကားမဆိုကြအစဉ်သာ တကယ်နှလုံးသားကို အလှဆင်ပါကွယ်။
Wednesday, February 24, 2010
Saturday, January 16, 2010
နေ့တိုင်းနေ့တိုင်း....စဉ်းစားမိတာလေးတွေ
ကျွန်မနေ့တိုင်း နေ့တိုင်း........... စဉ်းစားမိတာလေးတွေရှိတယ်...ထူးထူးဆန်းဆန်းလေးတွေပေါ့....လူတွေနေ့တဓူဝအလုပ်တွေလုပ်နေကြတယ်..ငွေရှာနေကြတာ
ဘာလုပ်ဖို့လဲဆိုတာကိုလေ....ဘုရားဝတ်ပြုဆုတောင်းကြရင်....နိဗ္ဗာန်ကိုရောက်ရပါလို့၏ဆုတောင်းကြတယ်....တကယ်တော့
နိဗ္ဗာန်ဆိုတာအေးချမ်းပြီးဘာမှမရှိတဲ့နေရာတစ်ခုလေ....လောဘတွေ၊ မောဟတွေမရှိတဲ့နေရာတစ်ခုရောက်အောင်သွားကြဖို့အတွက်
မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ အမြတ်ကြီးစားမှုတွေလုပ်နေကြပြီး....နိဗ္ဗာန်ရောက်ကြောင်းတရားတွေအားထုတ်နေကြတော့...
အဲ့လိုပြောရင်လဲ..လှူဖို့လို့ပြောကြမှာ....လှူဖို့ပိုက်ဆံတွေကုန်းရုံးရှာနေကြတယ်..ဒါပေမဲ့လူတွေရဲ့စိတ်က ကိုယ့်လက်ထဲရောက်လာရင်....ပြန်လှူဖို့နှမျောသွားကြတယ်လေ.....ဒါနဲ့ပဲ နေ့တိုင်း နေ့တိုင်း မုဒိတာတွေပွားပြီး အာဃာတတွေထားနေကြရင်း.....လှုပ်ရှားသွားလာ ဖြတ်သန်းနေကြတာ.....။

Friday, January 15, 2010
ကချင်လူမျိုးမဟုတ်ပေမဲ့ ကချင်တိုင်းရင်းသားတွေကိုချစ်တဲ့ကျွန်မ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မ ကချင်တိုင်းရင်းသားတွေကို သံယောဇဉ်ရှိတယ်လေ။ ကချင်အစားအစာတွေ ကချင်ရိုးရာဝတ်စုံတွေ ကိုလည်းကြိုက်နှစ်သက်တယ်။ ကချင်မလေးမဟုတ်တဲ့ ကျွန်မကို ရန်ကုန်ကသူငယ်ချင်းတွ မိတ်ဆွေတွေက စကားဝဲတယ်ပြောရင် ဂုဏ်ယူမဆုံးပေါ့။ ကချင်သံဝဲဝဲနဲ့ ကျွန်မက မြစ်ကြီးနားမြို့ရဲ့လှပတဲ့ ရှုခင်းတွေအကြောင်း၊ အစားအစာတွေ အကြောင်း ပြောပြတဲ့ခါတိုင်း တက်လက်စွာ ပြောပြတတ်တယ်လေ။ မြို့လေးကကျဉ်းတယ်လို့ တချို့ကပြောကြတယ် ကျွန်မအတွက်တော့ လည်လို့မကုန်နိုင် သွားလို့အကုန်နိုင်အောင်ပါပဲ။ ကျွန်မက ကချင်တိုင်းရင်းသားအဆိုတော်တွေကိုလည်း ကြိုက်တယ်။ ကချင်ပြည်နယ်ရဲ့ အလှတွေအကြောင်းသီချင်းတွေဆို အရမ်းကြိုက်နှစ်သက်တယ်။
Thursday, January 14, 2010
Subscribe to:
Posts (Atom)